ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးကျေးရွာ၌ (၂၅-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၃) ၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ (၂၆)မျိုးပါ Family Kit (၃) အိမ်ထောင်စာ၊ ပလပ်စတစ်ပုံး (၃) ပုံးနှင့် ဆန်ရိက္ခာဖိုးငွေ (၃၁,၅၀၀ိ/-) ကျပ်တို့အား (၂၅-၄-၂၀၁၈) ရက်နေ့တွင် ချက်ချင်းသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)