ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ကြိုးကြာကျေးရွာအုပ်စု၊ လျော်တောင်ကျေးရွာနှင့် ယင်းတောကျေးရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့ (၁၆း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁၄)လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၄၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၃၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၉၄,၅၀၀ိ/-)ကျပ်နှင့် ဓမ္မရုံ (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်တို့အား (၂၅-၄-၂၀၁၈) ရက်နေ့ (၁၆း၃၀) နာရီအချိန်တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး (ကိုယ်စား) ကျေးရွာတာဝန်ခံ တစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)