ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် လယ်ဝေးမြို့နယ်၊ အေလာကျေးရွာအုပ်စု၊ ရေလည်ကွေ့ကျေးရွာ၊ မြို့သစ်ရွာ၊ ရွာမရွာ၊ ဇေယျသိမ် ကျေးရွာတို့၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၇) အိမ်ထောင် စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၁၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၆၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၃၀,၂၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၀,၂၀၀ိ/-) ကျပ်တို့အား (၂၄-၄-၂၀၁၈) ရက်နေ့ (၁၅း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)