Author Archives: Hlaing ChoOo

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၈) ရက်နေ့တွင် ကျောက်မဲမြို့ အ.ထ.က (၂) တွင် နွေရာသီ မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ (၅၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်တွေ့ပါဝင်လေ့ကျင့် စေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာဖြန့်ဝေပေးခြင်းများကို ကျောက်မဲမြို့ အ.ထ.က (၂) ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #shn_may2018

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

    ၁၁.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၈ ခုနှစ်၊ မေလ (၁၁) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်လမ်းညွှန်သြဝါဒစကားပြောကြားခဲ့ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြောင်းလဲလာသည့်မူဝါဒနှင့်အညီ စီမံခန့်ခွဲမှုများကို ပြောင်းလဲဆောင်ရွက်ရန်၊ ဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ပြည်သူ့ အတွက် မဆိုင်းမတွတုံ့ပြန်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏အရည်အသွေး မြှင့်တင် ခြင်းကို … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈) ရက်နေ့တွင် ကျိုင်းတုံမြိုက၊ အမှတ် (၁) ရပ်ကွက်၊ လုပ်သားကျေးရွာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ ရွာသားများ စုစုပေါင်း လူဦးရေ (၂၅၀) ဦးအား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေး အန္တရာယ် များအကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသည့်ဘေးများ၊ သဘာဝဘေးအန္တရာယ်ကျရောက် လာပါက ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာနလုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ကယ်ဆယ်ရေး ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးစီမံခန့်ခွဲဥပဒေများ စသည်တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက် လာသူများအား လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်စေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၀-၅-၂၀၁၈) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ဌက်ပျောတောကျေးရွာ၌ (၁၄း၃၀) အချိန်မှ (၁၆း၀၀) နာရီအချိန်အထိ ကျေးရွာသူ/သား (၇၀) ဦးခန့်အား သဘာဝဘေး အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_may2018

  • ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာ (၁၄) ရွာတို့တွင် (၈-၅-၂၀၁၈) ရက်နှင့် (၉-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သာသနာနိက အဆောက်အဦး (၅) ကျောင်း၊ ပြိုကျပျက်စီးနေအိမ် (၂၈) လုံး၊ အမိုးလန် အိမ်ခြေ (၁၄၂) လုံး၊ အိမ်ထောင်စု (၁၄၂) စု၊ လူဦးရေ (၈၁၇) ဦး ဘေးသင့်ခဲ့ရာ သာသနာနိက အဆောက် အဦး (၅) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ … Read more

  • ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဘာသာကုန်းကျေးရွာအုပ်စု၊ ကနစိုငုတ်ကျေးရွာနှင့် အနန်းကုန်းကျေးရွာတို့၌ (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ ဘေးသင့် ပြည်သူ (၂၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၆,၂၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၄၆,၂၀၀ိ/-) ကျပ်၊ ရေသန့်ဆေး (၂၄) ထုပ်ပါ … Read more

  • သဘာဝဘေးနှင့်ပတ်သက်၍ ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံရေးဆွဲနိုင်ခြင်းဖြင့် သဘာဝဘေးဒဏ်ခံရမှု လျှော့ချနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

    ၁၀-၅-၂၀၁၈၊ နေပြည်တော် မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်‌ခြေ ဆန်းစစ်အကဲဖြတ်ချက်နှင့် ထိခိုက်ဆုံးရှုံး နိုင်ခြေပြမြေပုံရေးဆွဲရေးလမ်းညွှန်ပြုစုခြင်းဆိုင်ရာ ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၈) နာရီ တွင် နေပြည်တော် Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာပေါ်ရှိလူသားများသည် ဘေးအန္တရာယ်များကို တစ်နည်းမဟုတ်တစ်နည်းရင်ဆိုင်ကြရပါကြောင်း၊ အဆိုပါဘေးများ အားရင်ဆိုင် တုံ့ပြန်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများနှင့် အရေးပေါ်တုံ့ပြန်မှုများအားကောင်းရန်လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများနိုင်ငံပေါင်း (၁၇၁) နိုင်ငံအနက် … Read more

  • မကွေးမြို့နယ်လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေး မြို့နယ်၊ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာ (၈) ရွာတို့တွင် (၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၂၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၂၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၈၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၁၂၅) … Read more

Sign Up

Upcoming Events