Author Archives: Hlaing ChoOo

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အေလာကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ ရေဝင်ပြောင်းရွှေ့နေအိမ် (၈) လုံးမှ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၅,၁၀၀ိ/-) ကျပ်တို့အား (၂၆-၇-၂၀၁၈) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ha_fld #npw_jul2018

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျသောင်းတောင်ကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၅) အိမ်ထောင် စာအတွက် ထောက်ပံ့ငွေ (၃၅၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၂,၀၀၀ိ/-) ကျပ်၊ ကံသာအုပ်စု၊ သဲဖြူကျေးရွာမှ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁) လုံး အတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀ိ/-) ကျပ်နှင့် သဲဖြူကျေးရွာမှ ရေဝင်အိမ် … Read more

  • ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်ကူးမြို့နယ်၊ နန္တိကျေးရွာအုပ်စု၊ နန္တကျေးရွာနှင့် ညောင်တုန်းကျေးရွာတို့၌ (၂၆-၇-၂၀၁၈) ရက်နေ့တွင် လေဆင် နှာမောင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၄) လုံးနှင့် အမိုးလန်နေအိမ် (၁၆) လုံး၊ အိမ်ထောင်စု (၂၀) စုမှ လူဦးရေ (၇၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ  ကျပ် (၂,၀၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၅၃,၃၀၀ိ/-) ကျပ်နှင့် … Read more

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် Myanmar Preparedness Partnership (MPP) တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားအား (၃၀-၇-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်၌ အောင်သရဖူဟိုတယ်ခန်းမ၊ ပခုက္ကူမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ၊ CSO များနှင့် သင်တန်းသူ/သား (၃၀) ဦးခန့် တက်ရောက်ခဲ့ပါသည်၊၊ အဆိုပါသင်တန်းအား (၃၀-၇-၂၀၁၈) ရက်နေ့မှ (၁-၈-၂၀၁၈) ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသူ/သား (၃၀) ဦးခန့် တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ … Read more

  • မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၇-၂၀၁၈) ရက်နေ့၊ (၁ဝး၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် ချောင်းဗြဲကြီးကျေးရွာအုပ်စု ဂွေးချောင်းကြီးကျေးရွာ School cam Shelter ၌ မုန်တိုင်း သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ဘိုကလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး၊ ဘိုကလေးမြို့မှ မြို့နယ်မီးသတ်ဦးစီးမှုူး၊ ဘိုကလေးမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှုူး၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး၊ arche noVa  အဖွဲ့၊စိုပြေမြန်မာလူမှုဖွံ့ဖြိုးမှုအဖွဲ့၊ မြန်မာ့နှလုံးသား လူမှုဖွံ့ဖြိုးမှုအဖွဲ့၊ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ဂွေးချောင်းကြီးကျေးရွာ (School cam Shelter) ၌ ဘိုကလေးမြို့မှ မြို့နယ် မီးသတ်ဦးစီးမှုူး၊ ဘိုကလေးမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှုူး၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ CSO အဖွဲ့ အစည်းများ၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျေးရွာသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး … Read more

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ရေတာချောင်းနားကျေးရွာ၌ (၅-၇-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၁၂-၇-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ၏ မိသားစု ဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #bgo_jul2018

  • ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၈) ရက်နေ့မှ (၁၂-၇-၂၀၁၈) ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် (၅) ခုရှိ တိုက်ပွဲရှောင် IDP စခန်းများမှ ပြည်သူများအတွက် တန်ဖိုး (၄၁,၂၂၁,၈၆၀ိ/-) ရှိ ဆန် (၁၁၃၈) အိတ်၊ ဆီ (၁၅၀၃) ပိဿာ၊ ကုလားပဲ (၁၅၀၃) ပိဿာနှင့် ဆား (၇၅၂) ပိဿာတို့အား ကွင်းဆင်းထောက်ပံံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #shn_jul2018

Sign Up

Upcoming Events