လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျသောင်းတောင်ကျေးရွာ၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၅) အိမ်ထောင် စာအတွက် ထောက်ပံ့ငွေ (၃၅၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၂၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၂,၀၀၀ိ/-) ကျပ်၊ ကံသာအုပ်စု၊ သဲဖြူကျေးရွာမှ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁) လုံး အတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀ိ/-) ကျပ်နှင့် သဲဖြူကျေးရွာမှ ရေဝင်အိမ် (၆) လုံးမှ လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၄၆၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၀၇,၁၀၀ိ/-)ကျပ်နှင့် (၁၁၁,၉၆၀) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၆) အိမ်ထောင်စာတို့အား (၂၆-၇-၂၀၁၈) ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် ဘေးသင့် ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#npw_jul2018