နေပြည်တော် ၊ ဇူလိုင်လ ၃၀ ရက်
မြန်မာနိုင်ငံအတွင်းကြုံတွေ့နေရသော ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ပြည်သူများကြုံတွေ့ ခံစားနေရသော ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ၏တစ်ရက်တာ နေ့တွက်စရိတ်ကို ယနေ့ နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနသို့လာရောက်ပေးအပ်လှူဒါန်းရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး၀န်ကြီးဌာန၊ပြည်ထောင်စု၀န်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jul2018