လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်ကူးမြို့နယ်၊ နန္တိကျေးရွာအုပ်စု၊ နန္တကျေးရွာနှင့် ညောင်တုန်းကျေးရွာတို့၌ (၂၆-၇-၂၀၁၈) ရက်နေ့တွင် လေဆင် နှာမောင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၄) လုံးနှင့် အမိုးလန်နေအိမ် (၁၆) လုံး၊ အိမ်ထောင်စု (၂၀) စုမှ လူဦးရေ (၇၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၂,၀၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၅၃,၃၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂၀) အိမ်ထောင်စာ တို့အား (၃၀-၇-၂၀၁၈) ရက်နေ့တွင် ညောင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့များနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ygn_jul2018