လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား Centre for Humanitarian Dialogue (HD Centre) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် ရန်ကုန်မြို့၊ ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီးတို့ သီးခြားစီ လာရောက် တွေ့ဆုံ

 

 

30 Pic 03 30 Pic 04

၃၀-၇-၂၀၁၈၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးအား Centre for Humanitarian Dialogue(HD Centre) မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်ဖြစ်သူ Mr. Adam Cooper၊ ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဖြစ်သူ Mr.ToshioNISHIMURA နှင့်  ရန်ကုန်မြို့၊ ဂျပန်နိုင်ငံသံရုံးမှ သံအမတ် ကြီးဖြစ်သူ H.E. Mr. Ichiro MARUYAMA တို့က အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ သီးခြားစီလာရောက် တွေ့ဆုံခဲ့ကြပါသည်။

HD Centre မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Adam Cooper နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီမှ ဦးဆောင်၍အကြံပြုချက် (၈၀) ကျော်အား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း အကောင် အထည်ဖော်ဆောင်နေမှုများ၊ HD Centre မှ အဆိုပြုထားသော ကယ်ဆယ်ရေးစခန်းပိတ်သိမ်းပြီး ပြန်လည်နေရာချထားရေးတွင် လူမှုသဟဇာတ ဖြစ်စေရေးအတွက် ရခိုင်ပြည်နယ်အတွင်း စံပြ မြို့နယ် တစ်ခုတည်ထောင်နိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) မှ ဦးဆောင်၍ စင်ကာပူနိုင်ငံတွင် ကျင်းပသော မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမှ ကိုယ်စားလှယ် များပါဝင်သည့် ရခိုင်ပြည်နယ်ကိစ္စနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲများအား HD Centre မှ ပံ့ပိုးကူညီ နေမှုများအားဆွေးနွေးခဲ့ပြီး HD Centre ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အသစ်နှင့် လည်းမိတ်ဆက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဂျပန်နိုင်ငံ၊ အအိချိခရိုင်တွင် ခန့်အပ်ထားသည့် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ဖြစ်သူ Mr.Toshio NISHIMURA နှင့် တွေ့ဆုံရာတွင် ကျောင်းနေအရွယ်ကလေး ငယ်များ ပညာသင်ကြား ရေးအတွက် Ms. Toshio NISHIMURA ၏ ဇနီးမှ ဂျပန်ယမ်းသိန်း (၃၀) လှူဒါန်းထားရှိမှု၊ ယခင်တွေ့ဆုံ ဆွေးနွေးမှုအရ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပွားပြီးနောက် အဆောက် အဦများတွင် ပိတ်မိသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ဂျပန်နိုင်ငံ နာဂိုရာမြို့ရှိမီးသတ်ဌာနတွင် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာသင်တန်းများပေးလိုမှု၊ ဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်နေသော Social Work Institute တည်ဆောက်ရေးတွင် ဂျပန်နိုင်ငံမှ ကူညီ ပံ့ပိုး ပေးနိုင်ရေး၊ မူးယစ်ဆေးသုံးစွဲသူများ ပြန်လည်ထူထောင်ရေး ပူးပေါင်းကူညီနိုင်ရေးကိစ္စများ၊ မသန်စွမ်း အားကစားသမားများအား ဂျပန်နိုင်ငံ၏နည်းပညာများ ထောက်ပံ့ကူညီနိုင်ရေး ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ရန်ကုန်မြို့၊ ဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H.E. Mr. Ichiro MARUYAMA နှင့် တွေ့ဆုံရာတွင် သံအမတ်ကြီးက မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက်မည့် နေရပ်စွန့်ခွာသူများအတွက် နိုင်ငံ တကာစံနှုန်းများနှင့်အညီ အိမ်ရာများဆောက်လုပ်နိုင်ရေးကိစ္စများ၊ ယာယီခိုလှုံရေးစခန်းများ ပိတ်သိမ်း နိုင်ရေးနိုင်ငံတော်အဆင့် မဟာဗျူဟာချမှတ်နိုင်ရေးအတွက် စတင်ဆောင်ရွက်နေသည့်ကိစ္စများ၊ UNHCR၊ UNDP နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးကိစ္စများဆွေးနွေးပြီး မြန်မာနိုင်ငံအနေဖြင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအား ကြိုဆိုပါကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_jul2018

Sign Up

Upcoming Events