Author Archives: Hlaing ChoOo

  • ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၅) ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    စက်တင်ဘာ (၁၇)၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ နေရပ်စွန့်ခွာသူ များပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် ကျင်းပခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ရခိုင်ပြည်သူပြည်သား များနှင့် ရခိုင်ပါတီဝင်များပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် တစ်နိုင်ငံလုံးအရေးဟု ယူဆ သည့်အတွက် ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ အစိုးရအနေဖြင့် ရေတို ရေရှည် လုပ်ငန်းများဆောင်ရွက်ပေးဖို့ရှိကြောင်း၊ အစိုးရအသစ်စတက်ကတည်းက တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိုဦးစားပေးဆောင်ရွက်ခဲ့ပြီး ရခိုင်ပြည်နယ်အရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင် ပြည်နယ် … Read more

  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဗြန့်ကြီးကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ဗြန့်ကြီးကျေးရွာ၌ (၁၄-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) ပုံး (၃၇,၃၅၃/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၈,၄၀၀/-) ကျပ် စုစုပေါင်းတန်ဖိုးငွေ (၁၄၅,၇၅၃/-) ကျပ်တို့အား … Read more

  • ပါတိတ်ချောင်းရေကြီးမှုကြောင့် ကမ်းပါးပြို၍ ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပူတာအိုမြို့နယ်၊ မန်စေကျေးရွာအုပ်စု၊ အထက်ဆန်ဂေါင်ကျေးရွာ၌ (၉-၉-၂၀၁၈) ရက်နေ့တွင် ပါတိတ်ချောင်းရေကြီးမှုကြောင့် ကမ်းပါးပြို၍ ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု (၄) စု၊ လူဦးရေ (၂၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၅၈,၈၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထောင်စာတို့အား ဌာနဆိုင်ရာပူးပေါင်းပါဝင်သောအဖွဲ့များနှင့်အတူ (၁၄-၉-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe … Read more

  • ရေဘေးဒဏ်ခံရသောပြည်သူများအတွက်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကျပ်သိန်း (၁၅၀) ပေးအပ်လှူဒါန်းမှုသတင်း

    စက်တင်ဘာ(၁၃)နေပြည်တော် မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးဒဏ်ခံရသောဒေသများရှိ ပြည်သူများအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လှူဒါန်းငွေ ကျပ်သိန်း (၁၅၀) ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်း ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ကိုယ်စား) လာရောက်လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး အလှူငွေများပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။ #hl1 #npw_Sep2018

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၂-၉-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေးရွာ အ.လ.က လှိုင်ဝကျောင်းရှိ ဆရာ/ဆရာမ များ နှင့် ကျောင်းသား/သူ (၂၀၀) ဦးခန့်အားလည်းကောင်း၊ (၁၃း၃၀) နာရီအချိန်တွင် အ.လ.က (ခွဲ) လှိုင်ဝကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၀၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_Sep2018

  • ရေဘေးဒဏ်ခံရသောပြည်သူများအတွက် ကိန္နရီချည်ချောလုံချည်များပေးအပ်လှူဒါန်းမှုသတင်း

    စက်တင်ဘာ(၁၂)နေပြည်တော် မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးဒဏ်ခံရသောဒေသများရှိ ပြည်သူများအတွက် ဦးအုန်းကျော်၊ ဒေါ်မှီ ကိန္နရီချည်ချောလုံချည်ကုမ္ပဏီမိသားစုမှ ငွေကျပ် (သုံးဆယ့်ရှစ်သိန်းငါးသောင်း) တန်ဖိုးရှိ ကျားဝတ်လုံချည် အထည် (၁၀၀၀) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းပါသည်။ အလှူရှင်မိသားစုက လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး အလှူပစ္စည်းများပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #hl1 #npw_Sep2018

  • အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ လပွတ္တာလုပ်တောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ဆရာ/ဆရာမ (၁၇) ဦးနှင့် ကျောင်းသား/သူ (၂၅၀) ဦး၊ စုစုပေါင်း (၂၆၇) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးဗီနိုင်းနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_Sep2018

Sign Up

Upcoming Events