ရေဘေးဒဏ်ခံရသောပြည်သူများအတွက် ကိန္နရီချည်ချောလုံချည်များပေးအပ်လှူဒါန်းမှုသတင်း

စက်တင်ဘာ(၁၂)နေပြည်တော်
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးဒဏ်ခံရသောဒေသများရှိ ပြည်သူများအတွက် ဦးအုန်းကျော်၊ ဒေါ်မှီ ကိန္နရီချည်ချောလုံချည်ကုမ္ပဏီမိသားစုမှ ငွေကျပ် (သုံးဆယ့်ရှစ်သိန်းငါးသောင်း) တန်ဖိုးရှိ ကျားဝတ်လုံချည် အထည် (၁၀၀၀) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းပါသည်။
အလှူရှင်မိသားစုက လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး အလှူပစ္စည်းများပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_Sep2018

Sign Up

Upcoming Events