သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

13 Pic 02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၂-၉-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ ရေကျော်ကြီးကျေးရွာ အ.လ.က လှိုင်ဝကျောင်းရှိ ဆရာ/ဆရာမ များ နှင့် ကျောင်းသား/သူ (၂၀၀) ဦးခန့်အားလည်းကောင်း၊ (၁၃း၃၀) နာရီအချိန်တွင် အ.လ.က (ခွဲ) လှိုင်ဝကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၀၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#krn_Sep2018

Sign Up

Upcoming Events