စက်တင်ဘာ(၁၃)နေပြည်တော်
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးဒဏ်ခံရသောဒေသများရှိ ပြည်သူများအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက လှူဒါန်းငွေ ကျပ်သိန်း (၁၅၀) ကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်း ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ကိုယ်စား) လာရောက်လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး အလှူငွေများပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာကိုပေးအပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။
#hl1
#npw_Sep2018