Author Archives: Hlaing ChoOo
-
လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်အစိတ်အပိုင်းထိမှန်သေဆုံးကျောင်းသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၀-၂၀၁၈) ရက်နေ့၊ (ဝရး၃၀) နာရီအချိန်ခန့်က မင်းဘူးမြို့နယ်၊ ဆားဗွက် ချောင်းအနီးတွင် တပ်မတော်လေယာဉ် (၁) စီး၊ သနတ်ပင်ချောင်းကျေးရွာအနီးတွင် တပ်မတော်လေယာဉ် (၁) စီး ပျက်ကျမှု ကြောင့် လေယာဉ်အစိတ်အပိုင်းတစ်ခုမှ နေအိမ်အတွင်းစာကျက်နေသော ပဉ္စမတန်းကျောင်းသူ၏ ခါးအား ထိမှန်ခဲ့သော ကြောင့် သေဆုံးခဲ့သည့် ကျောင်းသူအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား ကျန်ရစ်သူမိသားစုများထံသို့ (၁၆-၁၀-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၁၀-၂၀၁၈) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ အ.ထ.က (ငွေတောင်) ကျောင်းရှိ ကျောင်းသား/သူ စုစုပေါင်း (၁၈၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား အသိ ပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_Oct2018
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၁၀-၂၀၁၈) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ စောလုံကျေးရွာအုပ်စု၊ ဟော်ခမ်းကျေးရွာရှိ ရပ်ရွာပြည်သူလူထု (၁၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား အသိပညာပေး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_Oct2018
-
ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၌ (၁၅-၁၀-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၃၇,၈၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၇,၈၀၀/-) ကျပ်တို့အား (၁၅-၁၀-၂၀၁၈) ရက်နေ့တွင် … Read more
-
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကျောက်တော်မြို့နယ် နိဒင် ကျေးရွာရှိပိတ်သိမ်းပြီး IDP စခန်းများ ကြည့်ရှုလေ့လာမှုသတင်း
စစ်တွေ အောက်တိုဘာ ၁၄ ရခိုင်ပြည်နယ် စစ်တွေမြို့၌ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine SchranerBurgener နှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီးဦးအောင်ကျော်ဇံတို့နှင့်အတူ ယနေ့တွင် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာရှိပိတ် သိမ်းပြီး IDP စခန်းများအားလေ့လာကြည့်ရှုကြသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေဟိုတယ်၌ လူထု အခြေပြုအရပ်ဘက်အဖွဲ့ အစည်းများနှင့် တွေ့ဆုံသည်။ ယင်းနောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်နှင့် ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ရှိ … Read more
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား ၂၀၁၈ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနားကို (၁၃-၁၀-၂၀၁၈) ရက်နေ့တွင် မဟာသရေစည်သူ ဦးဘခန်းမ၊ ပညာရေးကောလိပ်၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေမှ ဖွင့်ပွဲမိန့်ခွန်းပြောကြားခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦၤးတင်ထူးအောင်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအားဖတ်ကြားခြင်း၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘေးစီမံ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းမှ အပြည်ပြည် ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အခမ်းအနား ဖြစ်ပေါ်လာပုံနှင့် အခမ်းအနားပြုလုပ်ရခြင်းအားရှင်းလင်းပြောကြားခြင်း၊ The Johanniter မှ ဦးစိုးသန်းက ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်း၊ အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဌမှ CSOs များအနေဖြင့် ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ … Read more
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များပေး အပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန် ကျေးရွာအုပ်စု၊ အလယ်မန်ကျေးရွာ၌ (၉-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် သေဆုံးသူ မိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး နှစ်စဉ်မိုးကြိုးထိမှန်သေဆုံးမှုဖြစ်ပေါ်မှုပိုမိုများပြားလှသည့်အတွက် အလယ်မန်ကျေးရွာအုပ်ချုပ်ရေးမှူးအား လက်တလောတွင် အိမ်ခြေ (၂၀၀) အတွက် မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင် (၂၀၀) နှင့် အုပ်ချုပ်ရေးမှူးရုံးနှင့် လူအများအလွယ်တကူဖတ်ရှုနိုင်သောနေရာများအတွက် မိုးကြိုးဘေး ပိုစတာ … Read more
-
မြေပြိုမှုကြောင့် ဆုံးရှုံးနစ်နာသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၄-၁၀-၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်မှ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာအတွင်း မြေပြိုမှုကြောင့် ဆုံးရှုံးနစ်နာသည့် အိမ်ထောင်စုများအား မြေကွက်၊ အိမ်နှင့် ထောက်ပံ့ငွေပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_lsd #tny_Oct2018
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ငါးမျှားစခန်းကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ထူးကဲဒီရေတက်ပြီး ရေလှိုင်းပုတ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ငါးလှမ်းစင် (၂၀) အတွက် (၁) စင်လျှင် (၃၀,၀၀၀/-) ကျပ်နှုန်းဖြင့် စင် (၂၀) စာ (၆၀၀,၀၀၀/-) ကျပ်အား (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #mon_Oct2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူလူထုများသိရှိစေရန်အတွက် လပွတ္တာမြို့၊ သုံးမိုင်မြို့သစ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_Oct2018
