လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်အစိတ်အပိုင်းထိမှန်သေဆုံးကျောင်းသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၀-၂၀၁၈) ရက်နေ့၊ (ဝရး၃၀) နာရီအချိန်ခန့်က မင်းဘူးမြို့နယ်၊ ဆားဗွက် ချောင်းအနီးတွင် တပ်မတော်လေယာဉ် (၁) စီး၊ သနတ်ပင်ချောင်းကျေးရွာအနီးတွင် တပ်မတော်လေယာဉ် (၁) စီး ပျက်ကျမှု ကြောင့် လေယာဉ်အစိတ်အပိုင်းတစ်ခုမှ နေအိမ်အတွင်းစာကျက်နေသော ပဉ္စမတန်းကျောင်းသူ၏ ခါးအား ထိမှန်ခဲ့သော ကြောင့် သေဆုံးခဲ့သည့် ကျောင်းသူအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား ကျန်ရစ်သူမိသားစုများထံသို့ (၁၆-၁၀-၂၀၁၈) ရက်နေ့ (၁၄း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#otr
#mgy_Oct2018

Sign Up

Upcoming Events