Author Archives: Hlaing ChoOo
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် သီပေါမြို့နယ်၊ မန်ဆန်းကျေးရွာနှင့် မန်နားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမည် စိုးရိမ်သဖြင့် သီပေါမြို့နယ်၊ မန်ဆန်းဘုန်းတော်ကြီးကျောင်းနှင့် မန်ဆန်းဘူတာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၉၂) စုမှ ကျား (၁၁၅) ဦး၊ မ (၁၉၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး နှင့် ဆန်ရိက္ခာဖိုးငွေ (၆၅၅,၂၀၀/-) ကျပ်တို့အား (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: … Read more
-
မီးဘေးအသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘူတာရုံအရှေ့၌ ယခင်က ငလျင်အသိပညာပေး ဆိုင်းဘုတ်စိုက်ထူထား ရာမှ (၁-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မီးဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #sgg_Nov 2018
-
လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ အင်းလွတ်ကျေးရွာ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ အင်းလွတ်ကျေးရွာ၌ (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးအိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၅၀,၄၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၅၀,၄၀၀/-) ကျပ်တို့အား … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား ဆွစ်ဇာလန်နိုင်ငံဖွံ့ဖြိုးရေး အေဂျင်စီမှ လာရောက်တွေ့ဆုံမှုသတင်း
အောက်တိုဘာ ၃၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဆွစ်ဇာလန် နိုင်ငံဖွံ့ဖြိုးရေးအေဂျင်စီမှ ဒုတိယအကြီးအကဲဖြစ်သူ Mr. Jean-Luc Bernasconi ဦးဆောင်သောအဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဆွစ်ဇာလန်နိုင်ငံဖွံ့ဖြိုးရေးအေဂျင်စီများမှ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများဖြစ်ကြသော မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများအားဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက် နိုင်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော နောက်ဆုံးအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး … Read more
-
ပြည်ပရောက် မြန်မာအသိုက်အဝန်းများမှ UEHRD စီမံကိန်းနှင့် ရေဘေးဒဏ်ခံပြည်သူများအတွက် အလှူငွေများပေးအပ်ခြင်းနှင့် UNHCR မှ ဌာနေကိုယ်စားလှယ်လာရောက်တွေ့ဆုံမှုသတင်း
အောက်တိုဘာ ၃၁၊ နေပြည်တော် မြန်မာနိုင်ငံရေဘေးဒဏ်ခံပြည်သူများ ပြန်လည်ထူထောင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) တို့အတွက် ပြည်ပရောက် မြန်မာအသိုက် အဝန်းများ၏ လှူဒါန်းငွေများကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ UEHRD အတွက် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ မြန်မာနိုင်ငံသားများမှ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဥရောပသမဂ္ဂကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့လာရောက်တွေ့ဆုံမှုသတင်း
အောက်တိုဘာ ၃၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Mrs. Helena Konig, Deputy Director General of Trade နှင့် Mrs. Paola Pampaloni, Deputy Menaging Director, Director of Asia- Pacific of European External Action Service တို့ ဦးဆောင်သော ဥရောပသမဂ္ဂ ကုန်သွယ်မှုအခွင့်အရေးစိစစ်လ့လာရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးခန်းမတွင် လာရောက်တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဒီမိုကရေစီအစိုးရအနေဖြင့် … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ၇/၂၀၁၈ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပပြုုလုပ်မှုသတင်း
အောက်တိုဘာ ၃၁၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၇/၂၀၁၈) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီ၏လုပ်ငန်းအစည်းအဝေး (၁၆) ကြိမ်ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားကြုံတွေ့နေရသောလူမှုပဋိပက္ခများ၊ ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့မှုများ၊ လူမှုစီးပွားလိုအပ်ချက်များအတွက် နိုင်ငံတော်အစိုးရစတင်တာဝန်ယူစဉ် ကာလကတည်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေးအကောင်အထည်ဖော်ရေးဗဟိုကော်မတီကိုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဌအဖြစ် … Read more
-
ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့ နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့၌ (၃၀.၁၀.၂၀၁၈) ရက်နေ့၊ (၁၁း၄၅) နာရီအချိန်၌ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်ပြောင်းရွှေ့ခဲ့ ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၃၉,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၃၉,၉၀၀/-) … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီအချိန်နှင့် (၁၄း၀၀) နာရီအချိန်တို့တွင် ဓနုဖြူမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)၊ ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဖုန်းဆိုးတောင်၊ ကုန်းတန်းတောင်၊ ဗျင်းဘွဲကျေးရွာအုပ်စုအတွင်းရှိ တောင်ဇီး၊ ဒါးခုတ်ချောင်း၊ ဗျင်းဘွဲ၊ အစွန်ကျေးရွာတို့၌ (၂၇-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၆၃) လုံး၊ အမိုးလန်နေအိမ်(၂၁၂) လုံး၊ စုစုပေါင်း … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၀-၂၀၁၈) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ကိုးသိန်းအားကစားကွင်းသင်တန်းဆောင်ခန်းမ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းသို့ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ … Read more
