လေဘေးထောက်ပံ့မှုသတင်း

31 Pic 01 31 Pic 02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၈) ရက်နေ့ (၁၁း၀၀) နာရီအချိန်နှင့် (၁၄း၀၀) နာရီအချိန်တို့တွင် ဓနုဖြူမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)၊ ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ဖုန်းဆိုးတောင်၊ ကုန်းတန်းတောင်၊ ဗျင်းဘွဲကျေးရွာအုပ်စုအတွင်းရှိ တောင်ဇီး၊ ဒါးခုတ်ချောင်း၊ ဗျင်းဘွဲ၊ အစွန်ကျေးရွာတို့၌ (၂၇-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၆၃) လုံး၊ အမိုးလန်နေအိမ်(၂၁၂) လုံး၊ စုစုပေါင်း နေအိမ်(၂၇၅) လုံး၊ အိမ်ထောင်စု (၂၇၅) စုမှ လူဦးရေ (၁၁၃၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၁၂) စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၆၃) စုစာ တန်ဖိုး (၆,၂၇၇,၃၅၉/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၂,၆၆၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ရန်ပုံငွေ (၂,၃၈၇,၇၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၂၁,၃၂၅,၀၅၉/-) ကျပ်တို့အား တော်ဝကျေးရွာ၊ ဓမ္မာလောကာရာမ သာသနာ့ဗိမာန်တော်ကြီးနှင့် ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ ယင်းကတစ်ကျေးရွာ၌လည်းကောင်း၊ တော်ဝဘုန်းတော်ကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဥူးကေလာသမှ ကုန်းတန်းတောင်အုပ်စုနှင့် ဗျင်းဘွဲကျေးရွာအုပ်စုမှ လေဘေးသင့်အိမ်ထောင်စု (၂၂၃) စုအတွက် အိမ်ထောင်စု (၁) စုလျှင် (၁၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၂,၂၃၀,၀၀၀/-) ကျပ်တို့ အားလည်းကောင်း လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_Oct2018

Sign Up

Upcoming Events