လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် သီပေါမြို့နယ်၊ မန်ဆန်းကျေးရွာနှင့် မန်နားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမည် စိုးရိမ်သဖြင့် သီပေါမြို့နယ်၊ မန်ဆန်းဘုန်းတော်ကြီးကျောင်းနှင့် မန်ဆန်းဘူတာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၉၂) စုမှ ကျား (၁၁၅) ဦး၊ မ (၁၉၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး နှင့် ဆန်ရိက္ခာဖိုးငွေ (၆၅၅,၂၀၀/-) ကျပ်တို့အား (၃၀-၁၀-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#shn_Oct 2018