Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းကျေးရွာ အ.ထ.ကစာသင်ကျောင်းတွင် ကျောင်းသူ/ ကျောင်းသား(၃၁၀) ဦးတို့အား သဘာဝဘေးအသိပညာများဟောပြောဆောင်ရွက်ခဲ့ပြီး ကျောင်းအတွက် ဗီနိုင်း ပိုစတာပေးအပ်ခြင်းနှင့် ဟောပြောပွဲတက်ရောက်သူများအား လက်ကမ်းစာစောင်နှင့် ဘောပင်များ ဖြန့်ဝေခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၄း၀၀) နာရီအချိန်ထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာအုပ်စု၊ မြို့စိုးကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျေးရွာသူ/သား (၁၂၅) ဦးအား အသိပညာပေးဟောပြောခြင်း၊ Pakokku Royal Review ဂျာနယ် အယ်ဒီတာချုပ်မှ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာများ၊ ထင်မြင်ယူဆချက်များအား ဆွေးနွေးခြင်း၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌမှ သဘာဝဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားချိန်၊ ဖြစ်ပွားပြီးချိန်များ၌ ဒေသခံ CSO များအနေဖြင့် … Read more
-
ငလျင်အသိပညာပေးဟောပြောပွဲနှင့်ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ ကန်ကြီး ကျေးရွာ၊ အ.ထ.က (ကံကြီး) စာသင်ကျောင်း၌ ကျောင်းသား/သူ (၄၀၀) ဦးအား ငလျင်အသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းအားဆောင်ရွက်ခဲ့ပြီး နေ့လည်ပိုင်းတွင် နောင်ချိုမြို့နယ်၊ နမ့်ဆောင် ဟူးကျေးရွာ အ.ထ.က (ခွဲ) စာသင်ကျောင်း၌ ကျောင်းသား/သူ (၄၀၀) ဦးတို့အား သဘာဝဘေး အသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ ဇန်နဝါရီ (၃၀) ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၁/၂၀၁၉) အစည်းအဝေးကိုယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဥက္ကဌ (၁) ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ဆွေးနွေးအမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကဆွေးနွေးပြောကြားရာတွင် (UEHRD) ကော်မတီကို ပြည်ထောင်စုစီမံကိန်း တစ်ခုအနေဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မတီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဥက္ကဌအဖြစ်ဆောင်ရွက်၍ ဒုတိယဥက္ကဌတစ်ဦးနှင့် အဖွဲ့ဝင် (၂) ဦးဖြင့် ၂၀၁၇ ခုနှစ်၊ … Read more
-
မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေး အိမ်အခြေပြုမှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
ဇန်နဝါရီ ၃၀၊ နေပြည်တော် မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရန် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်မည့် အိမ်အခြေပြုမှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဦးလှသိန်းနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်အစိုးရကဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေး ကြိုးပမ်းလျက်ရှိရာ ပြည်သူပြည်သားအားလုံးတန်းတူညီမျှ အခွင့်အရေးရရှိစေရန် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊လူတစ်ဦးချင်းစီ၏အခွင့်အရေးကိုအကာအကွယ်ပေးနိုင်မည့်ဥပဒေများပေါ်ပေါက်လာစေရေးအတွက်ဆောင်ရွက်နေပါကြောင်း၊မသန်စွမ်းသူများ၏ အခွင့်အရေးဖော်ဆောင်ရေးနှင့် ကာကွယ်ပေးနိုင်သောဥပဒေများလည်း ပေါ်ပေါက်ပြီးဖြစ်ပါကြောင်း၊ထို့ကြောင့်မသန်စွမ်းသူများ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးမှုသည်ပိုမိုပီပြင်လာပြီဖြစ်ပါကြောင်း၊မျှော်မှန်းထားသည့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးသည် လူမှုသဟဇာတဖြစ်ရေး၊ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးတို့နှင့်ဆက်စပ်နေပါကြောင်း၊ မသန်စွမ်းသူ များနှင့်ပတ်သက်လျှင်စွမ်းနိုင်သမျှ စွမ်းအောင်ကြိုးစားဆောင်ရွက်ရန်နှင့် ထောက်ပံ့ရန်လိုအပ်ပါကြောင်း၊ ငွေကြေး … Read more
-
သဘာဝဘေးအသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Church World Service Myanmar (CWS) မှ ဝန်ထမ်းများ၊ ကျေးရွာပြည်သူများနှင့်အတူ (၃၀-၁-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောင်ထုံးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာ၌ မီးဘေး၊ ရေဘေးနှင့် မုန်တိုင်းဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား ကျေးလက်ဆေးပေးခန်းရှေ့၌ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉) ရက်နေ့တွင် ဖာပွန်မြို့နယ်(အ.ထ.က)ကျောင်း၌ ကျောင်းသား/သူ (၂၀၀)ဦးတို့အား ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ဆောင်ရန် အချက်များအားကို ဟောပြောပို့ချခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ဖာပွန်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #krn_jan2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် သံတွဲမြို့၊ ဒွါရာဝတီခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအား သင်တန်းအား သင်တန်းသား (၄၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်မှူး(ဘေးစီမံ) မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ ပါသည်။ သင်တန်းဖွင့်ပွဲတွင် သင်တန်းသား (၄၅) ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၂၅) ဦး၊ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ နံံနက် (၉း၃၀)နာရီအချိန်တွင် မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်၊ အ.မ.က မူလွန်ကျောင်း၌ တက်ရောက်သူဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၁၇၀) ဦးတို့အားလည်းကောင်း၊ နေ့လည် (၁၃း၀၀) နာရီချိန်တွင် မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာအထက်တန်းကျောင်း၌ တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးတို့အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_jan2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ အ.မ.က (မူလွန်) (စက်စက်ယိုကျေးရွာ) ၌ ကျောင်းသား/ကျောင်းသူ (၈၀) ဦးတို့အားလည်းကောင်း၊ နေ့လည်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ အ.မ.က (မူလွန်) (မျက်ခါးတောကျေးရွာ) ၌ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ လေဘေး၊ မီးဘေး၊ မိုးကြိုးဘေးနှင့် အခြားသဘာဝဘေး များ အတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား … Read more
