သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့၊ နံံနက် (၉း၃၀)နာရီအချိန်တွင် မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်၊ အ.မ.က မူလွန်ကျောင်း၌ တက်ရောက်သူဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၁၇၀) ဦးတို့အားလည်းကောင်း၊ နေ့လည် (၁၃း၀၀) နာရီချိန်တွင် မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာအထက်တန်းကျောင်း၌ တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၅၀၀) ဦးတို့အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#shn_jan2019

Sign Up

Upcoming Events