သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

30 Pic 02 30 Pic 03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ အ.မ.က (မူလွန်) (စက်စက်ယိုကျေးရွာ) ၌ ကျောင်းသား/ကျောင်းသူ (၈၀) ဦးတို့အားလည်းကောင်း၊ နေ့လည်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ အ.မ.က (မူလွန်) (မျက်ခါးတောကျေးရွာ) ၌ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝ ဘေးအန္တရာယ်များဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ လေဘေး၊ မီးဘေး၊ မိုးကြိုးဘေးနှင့် အခြားသဘာဝဘေး များ အတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#mdy_jan2019

Sign Up

Upcoming Events