သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် သံတွဲမြို့၊ ဒွါရာဝတီခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအား သင်တန်းအား သင်တန်းသား (၄၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ အဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်မှူး(ဘေးစီမံ) မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ ပါသည်။ သင်တန်းဖွင့်ပွဲတွင် သင်တန်းသား (၄၅) ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၂၅) ဦး၊ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၄-၂-၂၀၁၉) ရက်နေ့အထိဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source:ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#rke_jan2019

Sign Up

Upcoming Events