Author Archives: Hlaing ChoOo

  • မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အဆင့် သဘာဝဘေးစီမံ ခန့်ခွဲမှု ကော်မတီဝင်များဖြင့် မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာ၌ (၁၆-၆-၂၀၁၉) ရက်နေ့တွင် သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ဘေးလွတ်ရာစခန်းသို့ စနစ်တကျပြောင်းရွှေ့တတ်စေရန် သဘာဝဘေး ကြောင့် လူ့အသက်များ ဆုံးရှုံးမှုလျော့နည်းစေရန် ထိခိုက်ဒဏ်ရာရမှုများလျော့နည်းစေရန် ရည်ရွယ်၍ မုန်းတိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ် ကြက်ခြေနီ အဖွဲ့ဝင်များ (၆၀) ဦးခန့်နှင့် ကျေးရွာသူ/သား (၃၆၀) ဦးခန့်တို့ဖြင့်ပြုလုပ်ခဲ့ပြီး ဘေး (၈) မျိုးလက်ကမ်းစာစောင် (၂၀၀) … Read more

  • ရှေးဦးအရွယ်ကလေးသူငယ်များအား စနစ်တကျပြုစုစောင့်ရှောက်ရေး အရေးကြီးပုံနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက်ဆွေးနွေးခြင်း

    ဇွန်လ၊၁၅၊ပုသိမ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်း များနှင့် မိခင်ဝိုင်းများရှိ ကလေးငယ်များ၏ မိဘများ၊ အုပ်ထိန်းသူများအား ရှေးဦးအရွယ်ကလေးသူငယ် စနစ်တကျပြုစုစောင့်ရှောက်ရေး အရေးကြီးပုံကို ရှင်းလင်းပြောကြားခြင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိတ အဖွဲ့အစည်းများ၊ ဒေသခံများနှင့်တွေ့ဆုံ၍ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှူရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ … Read more

  • ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးတွေ့ဆုံမှုသတင်း

    ဇွန်လ၊၁၅၊ပုသိမ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့်တွေ့ဆုံ၍ လူငယ်ရေးရာမူဝါဒ၏ အရေးပါမှု၊မဟာဗျူဟာရေးဆွဲပြီး ဆက်လက်အကောင် အထည်ဖေါ် ရန်လုပ်ငန်းစဉ်များရေးဆွဲရမည့်ကိစ္စရပ်များကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော် ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းအသီးသီးမှ လူငယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့်အခွင့်အရေးများကို အားလုံးတန်းတူညီမျှရရှိစေရန်အတွက် … Read more

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သစ်ချိုင့်ကျေးရွာအုပ်စု၊ သစ်ချိုင့်ကျေးရွာ၌ ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၉) လုံး၊ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၃၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၇၃,၅၀၀/-) ကျပ်တို့အား (၁၄-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၇) စု၊ လူဦးရေ (၃၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁) လစာ ထောက်ပံ့ငွေ (၃၅၁,၀၀၀/-) ကျပ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြရပ်ကွက်ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၇) စု၊ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁) လစာ ထောက်ပံ့ငွေ (၁၆၂,၀၀၀/-) ကျပ်တို့အား (၁၄-၆-၂၀၁၉) ရက်နေ့တွင် … Read more

  • ရေတုံကင်တူးဖော်ရန်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကဇွန်းကွင်းကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ၌ ရေတုံကင် (၁) တွင်း တူးဖော်ရန် အတွက် အသုံးစရိတ်ငွေ (၃၉၉,၄၀၀/-) ကျပ်အား (၁၃-၆-၂၀၁၉) ရက်နေ့တွင် ကဇွန်းကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_drg #ayy_jun2019

  • ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ထောက်ပံ့နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများ ထိန်းသိမ်းထားရှိသော ဗဟိုသိုလှောင်ရုံအား ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကြည့်ရှုစစ်ဆေးမှုသတင်း

    ဇွန်လ၊၁၄၊ရန်ကုန် ဘေးအန္တရာယ်များကျရောက်ပါက အလျင်အမြန်တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် အရေးပေါ်ထောက်ပံ့ မည့်ပစ္စည်းများ ထိန်းသိမ်းသိုလှောင်ထားရှိသော ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်မြို့ရှိ ဗဟိုသိုလှောင်ရုံအား ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံသို့ရောက်ရှိပြီး ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်အခြေအနေများတွင် ထောက်ပံ့မည့်ပစ္စည်းများ ထိန်းသိမ်းထားရှိသော သိုလှောင်ရုံများ၌ ပစ္စည်းများစနစ်တကျထုပ်ပိုးထားရှိမှုနှင့် နေရာချ ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးက သိုလှောင်ရုံများအဆင့်မြှင့်တင် ထားခြင်း နှင့်ပြန်လည်ပြုပြင်မွမ်းမံထားသည့်အခြေအနေများ၊ အရေးပေါ်သည့်အချိန်တွင်ရရှိလာမည့် သတင်းအချက် အလက်ပေါ်မူတည်၍ အလျင်အမြန်ဖြန့်ဖြူးနိုင်ရေး စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၆-၂၀၁၉) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ ထီဆိပ်ဘုရားစုကျေးရွာအုပ်စု၊ ထီဆိပ်ဘုရားစုကျေးရွာ၌ ကျေးရွာနေပြည်သူလူထု (၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_jun2019

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကျသောင်းတောင်ကျေးရွာအုပ်စု၊ ကျေးတန်းကူးကျေးရွာ၌ (၂၄-၅-၂၀၁၉) ရက်နေ့၊ (၁ရး၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့် အမိုးလန် ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၄,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၀) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၅,၀၀၀/-) ကျပ်တို့အား (၄-၆-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ကျေးရွာ (၃) ရွာ၌ (၃၀-၅-၂၀၁၉) ရက်နေ့နှင့် (၃၁-၅-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် ပြိုကျနေအိမ် (၁) လုံး၊ အမိုးလန် (၃၃) လုံး၊ ဘေးသင့်လူဦးရေ (၁၃၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇၉,၃၀၀/-) ကျပ်၊ ပြိုကျနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ အမိုးလန်နေအိမ် … Read more

Sign Up

Upcoming Events