လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ကျေးရွာ (၃) ရွာ၌ (၃၀-၅-၂၀၁၉) ရက်နေ့နှင့် (၃၁-၅-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် ပြိုကျနေအိမ် (၁) လုံး၊ အမိုးလန် (၃၃) လုံး၊ ဘေးသင့်လူဦးရေ (၁၃၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၇၉,၃၀၀/-) ကျပ်၊ ပြိုကျနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ အမိုးလန်နေအိမ် (၃၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၆၆,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၀၄၅,၃၀၀/-) ကျပ်နှင့် ပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာတို့အား (၄-၆-၂၀၁၉) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး စာရေးများထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#mgy_jun2019