Author Archives: Hlaing ChoOo

  • သဘာဝဘေးကြိုတင်သတိပေး DAN App ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများနှင့် ကျးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် လူဦးရေ (၈၀) ဦးတို့အား သဘာဝဘေး ကြိုတင်သတိပေး DAN App ဖြန့်ဝေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး DAN App ကြော်ငြာစတေကာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_jul2019

  • မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ် လိုအပ်သောပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် ဆွေးနွေးညှိနှိုင်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၁၉) ရက်နေ့ နံနက် (၁၀းဝဝ) နာရီအချိန်တွင် မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်စာအုပ်အဟောင်းအား လိုအပ်သော ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးဆောင်၍ (Centre For Good Governance CGG) အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် (၂) ရက်တာ ဆွေးနွေးညှိနှိုင်းနေပြီး ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျေးရွာ (၄) ရွာတို့၌ (၂၈-၆-၂၀၁၉) ရက်နေ့နှင့် (၁-၇-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၁၉) လုံး၊ အိမ်ထောင်စု (၁၉) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၉) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၈၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆၈,၀၀၀/-) ကျပ်တို့အား (၁-၇-၂၀၁၉) … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာ၌ (၃၀-၆-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၁-၇-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #tny_jul2019

  • ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းစင့် ကျေးရွာအုပ်စု၊ ကောင်းစင့်ကျေးရွာ၌ (၂၁-၆-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် လူဦးရေ (၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၂၈-၆-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • မိုးသည်းထန်စွာရွာသွန်း၍ တောင်နံရံပြိုကျပြီး ပြိုကျပျက်စီးခဲ့သော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာ၌ (၃၀-၆-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်နံရံပြိုကျပြီး ပြိုကျပျက်စီးခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/-) ကျပ်၊ အမိုးလန်ပျက်စီးနေအိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ … Read more

  • မြဝတီမြို့၊ ကျောက်လုံးကြီးပြန်လည်ကြိုဆိုလက်ခံရေးစခန်း ကြည့်ရှုစစ်ဆေးခြင်းနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့နှင့်အတူ (၃၀-၆-၂၀၁၉) ရက်နေ့တွင် မြဝတီမြို့၊ ကျောက်လုံးကြီးပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ စတုတ္ထအကြိမ် မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည် များအား စနစ်တကျပြန်လည်လက်ခံနိုင်ရေးနှင့် ဒုက္ခသည်များ လတ်တလောနေထိုင်ရန်အတွက် ခင်းကျင်း ထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #krn_jul2019

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    ဇွန် ၃၀၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်းရှိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ နေပြည်တော် ကောင်စီဝင်ဦးအောင်မြင်ထွန်း၊ နေပြည်တော်အတွင်းရှိ ကလေးမိဘများ၊ ကလေးပြုစု စောင့်ရှောက်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအတွင်းရှိ မိဘများ၊ မိသားစုဝင်များနှင့် တွေ့ဆုံသည့် အခမ်းအနားဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့်လတ်တလော ပြည်သူ လိုအပ်ချက်ဖြစ်သော … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် လေဖိအားနည်းရပ်ဝန်းအခြေအနေအား အောက်ပါအတိုင်းထုတ်ပြန်ထားပါသည်- ၁။      “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် (၄၈) နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ” သတိပေးနှိုးဆော်ချက် … Read more

Sign Up

Upcoming Events