လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့နှင့်အတူ (၃၀-၆-၂၀၁၉) ရက်နေ့တွင် မြဝတီမြို့၊ ကျောက်လုံးကြီးပြန်လည်ကြိုဆိုလက်ခံရေးစခန်းသို့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ စတုတ္ထအကြိမ် မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည် များအား စနစ်တကျပြန်လည်လက်ခံနိုင်ရေးနှင့် ဒုက္ခသည်များ လတ်တလောနေထိုင်ရန်အတွက် ခင်းကျင်း ထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#krn_jul2019