မိုးသည်းထန်စွာရွာသွန်း၍ တောင်နံရံပြိုကျပြီး ပြိုကျပျက်စီးခဲ့သော နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

1 _ Pic _ 02 1_ Pic _ 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာ၌ (၃၀-၆-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်နံရံပြိုကျပြီး ပြိုကျပျက်စီးခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/-) ကျပ်၊ အမိုးလန်ပျက်စီးနေအိမ်အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၃၀-၆-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်ကေတီ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#ha_sgw
#tny_jul2019

Sign Up

Upcoming Events