လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းစင့် ကျေးရွာအုပ်စု၊ ကောင်းစင့်ကျေးရွာ၌ (၂၁-၆-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် လူဦးရေ (၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်တို့အား (၂၈-၆-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#kcn_jul2019