Author Archives: Hlaing ChoOo

  • ရေဘေးသင့်ပြည်သူများအတွက် သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့မှုသတင်း

    (၁၃-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်မြို့၊ ဧရာဝတီမြစ်ကမ်း ဘေးတစ်လျှောက်ရှိ မြစ်ရေဝင်ရောက်နေသော ကျေးရွာများသို့ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ စကခ (၂၁) မှ ဒုဗိုလ်မှူးကြီးနှင့် ဆေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ သွားရောက်၍ သောက်သုံးရန် သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #kcn_jul2019

  • ဧရာဝတီမြစ်ရေတက်မှုကြောင့် ရေဝင်အိမ်ထောင်စုများအား ပြောင်းရွှေ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်အိမ်ထောင်စု (၉) စုတို့အား မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့မှ ရေလွတ်ရာ လေးထပ် ကျောင်း ဓမ္မာရုံသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019

  • ကရင်ပြည်နယ်အတွင်းရှိ နေရပ်ပြန် တိုင်းရင်းသားပြည်သူများနှင့် မိသားစုဝင်များအားကြိုဆိုအားပေး ခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်မှုသတင်း

    ဇူလိုင်၁၃၊ဘားအံ ကရင်ပြည်နယ်အတွင်းရှိ နေရပ်ပြန်တိုင်းရင်းသားပြည်သူများနှင့် မိသားစုဝင်များအား ကြိုဆိုအားပေး ခြင်းနှင့် ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နေရပ်ပြန်တိုင်းရင်းသားပြည်သူများနှင့် မိသားစုဝင်များအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကိစ္စများ ဆွေးနွေးညှိနှိုင်းမှုသတင်း

    ဇူလိုင်၁၃၊ဘားအံ ရှေးဦးအရွယ်ကလေးသူငယ်များ၏ မိဘများ၊မိသားစုဝင်များ၊ မူကြိုကျောင်းများမှ ဆရာမများအား တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ကာကွယ် စောင့်ရှောက် ရေးဆိုင်ရာကိစ္စများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသော ကလေး အသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ် … Read more

  • #ar #shn_jul2019 မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း ******************** Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) ********************************** လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့မှ (၁၂-၇-၂၀၁၉) ရက်နေ့အထိ ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ညောင်ရွှေမြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေး စီမံခန့်ခွဲမှုသင်တန်းအား သင်တန်းသား/သူ (၅၀) ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

  • ရေဘေးကြိုတင်ကာကွယ်ရေး ဗီနိုင်းဆိုင်းဘုတ် ပြောင်းလဲစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၉) ရက်နေ့တွင် မုံရွာ-ပုလဲကားလမ်းဘေး ယင်းမာပင်မြို့၊ မြို့မဈေးရှေ့တွင် စိုက်ထူထားသော လေဘေးကြိုတင် ကာကွယ်ရေးဗီနိုင်းအစား ရေဘေးကြိုတင်ကာကွယ်ရေးဗီနိုင်းအား ပြောင်းလဲစိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019

  • စလင်းမြို့နယ်ဦးစီးမှူးရုံး ယာယီရုံးခန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့် မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၉) ရက်နေ့၊ (၀၉း၂၅) နာရီအချိန်တွင် စလင်းမြို့နယ်ဦးစီးမှူးရုံး ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးဦးစီးမှူးမှ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရေများပတ်ဖျန်း၍ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယာယီရုံးခန်းဖွင့်လှစ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #mgy_jul2019

  • ကမ်းပြိုဘေးကြောင့်ပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ရိုးကုန်းကျေးရွာ၌ (၁၀-၇-၂၀၁၉) ရက်နေ့နှင့် (၁၁-၇-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၃၀) လုံး၊ အိမ်ထောင်စု (၃၀) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၀၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၃၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၇၃,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၂၇၃,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၃၀) စုစာတို့အား (၁၃-၇-၂၀၁၉) … Read more

  • ကမ်းပြိုဘေးကြောင့်ပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မိုးတားလေး ကျေးရွာ တွင် (၄-၇-၂၀၁၉) ရက်နေ့မှ (၈-၇-၂၀၁၉) ရက်နေ့အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၈) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၈၉၀,၃၀၀/-) ကျပ်တို့အား (၁၃-၇-၂၀၁၉) ရက်နေ့တွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

Sign Up

Upcoming Events