ကမ်းပြိုဘေးကြောင့်ပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မိုးတားလေး ကျေးရွာ တွင် (၄-၇-၂၀၁၉) ရက်နေ့မှ (၈-၇-၂၀၁၉) ရက်နေ့အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၈) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၈) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၈၉၀,၃၀၀/-) ကျပ်တို့အား (၁၃-၇-၂၀၁၉) ရက်နေ့တွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#sgg_jul2019

Sign Up

Upcoming Events