ကမ်းပြိုဘေးကြောင့်ပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ရိုးကုန်းကျေးရွာ၌ (၁၀-၇-၂၀၁၉) ရက်နေ့နှင့် (၁၁-၇-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၃၀) လုံး၊ အိမ်ထောင်စု (၃၀) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၀၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၃၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၇၃,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၂၇၃,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး အိမ်ထောင်စု (၃၀) စုစာတို့အား (၁၃-၇-၂၀၁၉) ရက်နေ့ (၀၉း၁၅) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#mgy_jul2019

Sign Up

Upcoming Events