တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိမှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

1 2 3 4 5 8
၂၀၁၉ခုနှစ်၊ ဇူလိုင်လအတွင်း၌ တိုင်းဒေသကြီး/ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားလျက်ရှိရာ (၁၃-၇-၂၀၁၉)နေ့အခြေအနေအရ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် အိမ်ထောင်စု(၉၉၂)စု၊ လူဦးရေ(၄၇၃၈)ဦး၊ ဆင်ဘိုမြို့တွင် အိမ်ထောင်စု(၇၅)စု၊ လူဦးရေ(၃၅၉)ဦး၊ ဝိုင်းမော်မြို့နယ်တွင် အိမ်ထောင်စု(၁၁၄)စု၊ လူဦးရေ(၅၀၈)ဦး၊ တနိုင်းမြို့နယ်တွင် အိမ်ထောင်စု (၄၀)စု၊ လူဦးရေ(၁၄၈)ဦး၊ ဆော့လော်မြို့နယ်တွင် အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၉)ဦး၊ နောင်မွန်း မြို့နယ်တွင် နေအိမ်(၄)လုံးမျောပါပျက်စီး၍ အိမ်ထောင်စု(၄)စုမှ လူဦးရေ(၂၈)ဦး၊ ဗန်းမော်မြို့နယ်တွင် အိမ်ထောင်စု(၈၈)စု၊ လူဦးရေ(၃၂၅)ဦး၊ ရွှေကူမြို့နယ်တွင် အိမ်ထောင်စု(၁၉)စု၊ လူဦးရေ(၉၈)ဦး၊ စုစုပေါင်း အိမ်ထောင်စု(၁၃၃၇)စု၊ လူဦးရေ(၆၂၃၃)ဦးတို့အား ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ထားပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များတွင်အသုံးပြုနိုင်ရန် ဖိုက်ဘာစက်လှေ(၅)စီးနှင့် အသက်ကယ်အင်္ကျီများလည်း ထပ်မံ ပေးပို့ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
အလားတူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက် (၃)ခုသို့ ရေဝင်ရောက်ခဲ့သဖြင့် အိမ်ထောင်စု(၁၂၁)စုမှ လူဦးရေ(၄၈၇)ဦးအား (၁၂-၇-၂၀၁၉)နေ့တွင် ယာယီပြောင်းရွှေ့ထားပြီး ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် နေအိမ်(၂)လုံးမျောပါပြီး နေအိမ်(၄)လုံး ရေဝင်ရောက်သဖြင့် အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၂)ဦးအား ပြောင်းရွှေ့ခဲ့ပါသည်။

#ha_fld
#kcn_jul2019

Sign Up

Upcoming Events