ကရင်ပြည်နယ်အတွင်းရှိ နေရပ်ပြန် တိုင်းရင်းသားပြည်သူများနှင့် မိသားစုဝင်များအားကြိုဆိုအားပေး ခြင်းနှင့် ထောက်ပံ့ခြင်းများဆောင်ရွက်မှုသတင်း

ဇူလိုင်၁၃၊ဘားအံ
ကရင်ပြည်နယ်အတွင်းရှိ နေရပ်ပြန်တိုင်းရင်းသားပြည်သူများနှင့် မိသားစုဝင်များအား ကြိုဆိုအားပေး ခြင်းနှင့် ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နေရပ်ပြန်တိုင်းရင်းသားပြည်သူများနှင့် မိသားစုဝင်များအား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် လျော်ညီသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးစသည့် ရည်မှန်းချက်(၃)ခုချမှတ် ထားပါကြောင်း၊ ထိုရည်မှန်းချက်များကို အကောင်အထည်ဖေါ်ရန် သက်ဆိုင်ရာလုပ်ငန်း တာဝန်များ အလိုက် ဝန်ကြီးဌာန အသီးသီးကတာဝန်ယူ၍ ဆောင်ရွက်နေကြပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကဦးစီးဌာန (၃) ခုဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် တရားဥပဒေစိုးမိုးမှုရရှိစေရန် တရားသောဥပဒေ၊ နည်းဥပဒေများကို ဖော်ဆောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူကြောင့်ဖြစ်သောဘေး၊ သဘာဝဘေးများကိုလျော့နည်းအောင်၊ ဖြစ်ပွားပါက လည်းအလျင်အမြန်တုန့်ပြန်ပြီး ထိရောက်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၏ အဟန့်အတားဖြစ်မှုကို လျှော့ချနိုင်ရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ဆိုင် ကြုံတွေ့ရသောပြသနာများကို ဖြေရှင်းရာတွင် သဘာထားကွဲလွဲမှုမဖြစ်စေဘဲ သဟဇာတဖြစ်ရန်ကြိုးပမ်း လျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် လည်းကောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်းကောင်း ပြည်သူများသာ တူညီမျှခံစားရရှိစေရေး ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ပေါင်းစည်းလာကြသည့် တိုင်းရင်းသားပြည်သူများသည် မိမိတို့၏ ဘဝရပ်တည်မှု အာမခံချက်ရှိအောင် ကြိုးစားခွင့်ရကြမှာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်ပြန်လည် ထူထောင်ရေးဆောင်ရွက်နိုင်ရန် လတ်တလောစားဝတ်နေရေးကိစ္စများကို ကူညီထောက်ပံ့မှာဖြစ်ပါကြောင်း၊ သင့်တော်မည့်အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် ပြည်နယ်အစိုးရနှင့်ညှိနှိုင်း၍ သက်မွေး ဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက်အစိုးရနှင့်အတူ အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ယခုနေရပ်ပြန်လည် ဝင်ရောက်ကြသော မိမိတို့တိုင်းရင်းသားပြည်သူများ ဖြစ်ကြ၍မိမိတို့ပိုင်ဆိုင်သည့်ပြည်နယ်၊ မိမိတို့ပိုင်ဆိုင် သည့် ပြည်ထောင်စုနိုင်ငံအတွင်း အေးချမ်းလုံခြုံစွာနေထိုင်နိုင်ကြပြီဖြစ်၍ ဝမ်းမြောက်ပါကြောင်း၊ မိမိတို့၏ သားစဉ်မြေးဆက် အေးခြမ်းလုံခြုံသော လူနေမှုစနစ်ကိုလက်ဆင့်ကမ်း ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ စားဝတ်နေရေးအဆင်ပြေစေရန် လိုအပ်သောပံ့ပိုးမှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနည်း ပညာပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်းရှိ နေရပ်ပြန် တိုင်းရင်းသား ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်ရာအိမ်ထောင်စု (၁၀၂) စုအတွက်အိမ်ထောင်စု တစ်စုလျှင် စားနပ်ရိက္ခာဖိုး (၃)လစာအပါအဝင် (၁၂၅,၀၀၀) ကျပ်နှုန်းနှင့် ထောက်ပံ့ရေးပစ္စည်းတို့ကိုလည်ကောင်း၊ ကရင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှအိမ်သုံးပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများပစ္စည်း (၂၂) မျိုးပါဝင်သော Family Kit ကိုလည်ကောင်း အသီးသီးထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။ ထို့နောက် နေရပ်ပြန်တိုင်းရင်းသား ပြည်သူများကိုယ်စားတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက်အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ကူညီပံ့ပိုးမှုဖြင့်မြန်မာနိုင်ငံကြက်ခြေနီ အသင်းက တာဝန်ယူဆောက်ရွက်နေသည့် ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနကို သွားရောက်ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MSWRR

#hl1
#krn_jul2019

Sign Up

Upcoming Events