(၁၃-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်မြို့၊ ဧရာဝတီမြစ်ကမ်း ဘေးတစ်လျှောက်ရှိ မြစ်ရေဝင်ရောက်နေသော ကျေးရွာများသို့ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ စကခ (၂၁) မှ ဒုဗိုလ်မှူးကြီးနှင့် ဆေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ သွားရောက်၍ သောက်သုံးရန် သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#kcn_jul2019