Author Archives: Hlaing ChoOo
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်၌ (၂-၉-၂၀၁၉) ရက်နေ့ (၂၂:၃၀) နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင် ပျက်စီးသွားသော နေအိမ်(၁၈၅) လုံး၊ အိမ်ထောင်စု (၁၈၅) စုမှ လူဦးရေ (၁၀၅၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၂,၂၁၇,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၁၃၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁,၃၄၇,၆၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၉) ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mon_sep2019
-
ရေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၌ (၉-၈-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မျောပါ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား (၂-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #mon_sep2019
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ထန်းတပင်အုပ်စု၊ ပန်းသင်းပင်ကျေးရွာ၌ (၃၁-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဝင်ရွှေ့ပြောင်းနေအိမ် (၁၄၁) လုံးမှ လူဦးရေ (၅၀၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁,၀၆၆,၈၀၀/-) ကျပ်၊ ရေမျောပါပြိုလဲနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၇,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၅၀၄,၆၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် … Read more
-
လေဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ခရားအတွင်းကျေးရွာ၌ (၂-၉-၂၀၁၉) ရက်နေ့၊ (၂၁း၄၅) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၂၃) လုံးတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၉၄၅,၀၀၀/-) ကျပ်နှင့် လူဦးရေ (၈၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၇၆,၄၀၀/-) ကျပ်တို့အား (၄-၉-၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: … Read more
-
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလာရောက်လှူဒါန်းမှုသတင်း
Myanmar Club (Singapore) နှင့် စင်္ကာပူနိုင်ငံရောက်မြန်မာများမှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေ (၂,၈၂၆,၂၀၀/-) ကျပ်နှင့် Health Care Emrichment Alliance & Rehab Technology Services (H.E.A.R.T.S) မိသားစုမှ လှူဒါန်းငွေ (၆၅၀,၀၀၀/-) ကျပ်တို့အား (၃-၈-၂၀၁၉) ရက်နေ့တွင် လာရောက်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fld #krn_sep2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်း ရပ်ကွက် တွင် (၂-၉-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အမိုးလန်/ တစ်စိတ်ပိုင်းတစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ စုစုပေါင်းနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ … Read more
-
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များထိခိုက်ပျက်စီးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်း၍ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ (၂၂:၃၀) နာရီအချိန်ခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဖက်တန်းရပ်ကွက်၊ အောက်ကျင်းရပ်ကွက်၊ ကျိုက်ဖနဲရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်၊ လှိုင်ရပ်ကွက်နှင့် ညောင်ပင်ဆိပ်ရပ်ကွက်တို့တွင် စုစုပါင်း လူနေအိမ်(၅၇၀) ကျော်နှင့် ဘုန်းကြီးကျောင်း (၃)ကျောင်း အမိုး၊ အကာလန်ပျက်စီးမှုများရှိခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း ကနဉီးသိရှိရပါသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဉီးဆောင်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန် ပြည်နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် လေဆင်နှာမောင်း တိုက်ခတ် မှုဒဏ်ခံစားခဲ့ရသည့် ရပ်ကွက်များသို့ သွားရောက်ကြည့်ရှု၍ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
နေပြည်တော်(၃.၉.၂၀၁၉) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြန်လည်ထူထောင်ရေးအဖွဲ့ဥက္ကဌ ဦးစိုးအောင်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးအဖွဲ့ဥက္ကဌ ဦးစိုးအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က (၁၉.၈.၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး ကြိုတင်ကောက်နှုတ်ချက်များအရမိမိတို့နှင့်သက်ဆိုင်သောအဆုံးအဖြတ်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း … Read more
-
ပြည်သူများက ရေဘေးပြန်လည်ထူထောင်ရေးအတွက် အလှူငွေများလာရောက်လှူဒါန်းမှုသတင်း
နေပြည်တော်၊စက်တင်ဘာ၃ မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းကစုစုပေါင်းလှူဒါန်းငွေကျပ်၁,၅၀၀,၀၀၀ (ကျပ်တစ်ဆယ့်ငါးသိန်းတိတိ)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးခန်းမ၌ လာရောက် လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပါသည်။ ပြည်သူချစ်သော သဘင်အနုပညာရှင်များက ရေဘေးသင့်ပြည်သူများကို စာနာစိတ်ဖြင့်ထောက်ပံ့ လှူဒါန်းခြင်းကို ဝမ်းမြောက်ပါကြောင်း၊ ရရှိသောလှူဒါန်းငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရံပုံငွေသို့ထည့်သွင်းပြီး ရေဘေးသင့်ဒေသများအတွက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၏စီမံမှုဖြင့် စနစ်တကျထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #hl1 … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေ မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ “
