စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း

4 _ Pic _ 02 4 _ Pic _ 03

နေပြည်တော်(၃.၉.၂၀၁၉)
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြန်လည်ထူထောင်ရေးအဖွဲ့ဥက္ကဌ ဦးစိုးအောင်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးအဖွဲ့ဥက္ကဌ ဦးစိုးအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က (၁၉.၈.၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး ကြိုတင်ကောက်နှုတ်ချက်များအရမိမိတို့နှင့်သက်ဆိုင်သောအဆုံးအဖြတ်များဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများနှိမ်နင်းရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်ပေးပါရန်ကိစ္စ၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်နယ်စပ်ရှိ မူးယစ်ဆေးစွဲသူများဆေးဖြတ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ Rehabilitation ပြုလုပ်နိုင်ရေးအတွက်နှင့် ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းအနီးတွင် မြေ(၃၈.၆)ဧကခန့်တွင် မူးယစ်ဆေးဖြတ်ပြီး လူငယ်များ ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်နိုင်ရေးတို့အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ရွှေ၊ သစ်၊ ကျောက်စိမ်းစသည့် သဘာဝသယံဇာတများ ထွက်ရှိရာ ဒေသဖြစ်သည့်အတွက် စီးပွားရှာသူများပေါများပြီး ငွေလွယ်လွယ်ရကာဒေသတွင်းလူငယ်လူရွယ်များမှာ မူးယစ် ဆေးစွဲနေသည့်အတွက် ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးစခန်းများ မဖွင့်နိုင်သေး ချိန်ကာလအတွင်း ပြန်လည်ထူထောင်ရေးသင်တန်းများဖွင့်လှစ်နိုင်မည့် နေရာ/ဒေသများ၊ လူအင်အား၊ သင်တန်း သားရရှိရေးတို့ကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင် ရွက်ရန် လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ စီမံချက်ရေးဆွဲရန်လိုအပ်ကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများမှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဖွင့်လှစ်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများကို ရွှေဘိုမြို့၊ ဗန်းမောက်မြို့နှင့် ဟုမ္မလင်းမြို့တို့တွင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ်တွင် ကောလင်းမြို့နှင့် ဝန်းသိုမြို့တို့တွင် ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်ရန်စီစဉ် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းအနီး မြေ(၃၈.၆)ဧကခန့်တွင် မူးယစ်ဆေးဖြတ်ပြီး လူငယ်များ ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ရေးအတွက် ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် အကြံပြုချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
#hl2
#npw_sep2019

Source: MoSWRR

Sign Up

Upcoming Events