ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ထန်းတပင်အုပ်စု၊ ပန်းသင်းပင်ကျေးရွာ၌ (၃၁-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဝင်ရွှေ့ပြောင်းနေအိမ် (၁၄၁) လုံးမှ လူဦးရေ (၅၀၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁,၀၆၆,၈၀၀/-) ကျပ်၊ ရေမျောပါပြိုလဲနေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၇,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၅၀၄,၆၀၀/-) ကျပ်တို့အား (၃-၉-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#bgo_sep2019

Sign Up

Upcoming Events