နေပြည်တော်၊စက်တင်ဘာ၃
မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းကစုစုပေါင်းလှူဒါန်းငွေကျပ်၁,၅၀၀,၀၀၀ (ကျပ်တစ်ဆယ့်ငါးသိန်းတိတိ)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးခန်းမ၌ လာရောက် လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံခဲ့ပါသည်။
ပြည်သူချစ်သော သဘင်အနုပညာရှင်များက ရေဘေးသင့်ပြည်သူများကို စာနာစိတ်ဖြင့်ထောက်ပံ့ လှူဒါန်းခြင်းကို ဝမ်းမြောက်ပါကြောင်း၊ ရရှိသောလှူဒါန်းငွေများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရံပုံငွေသို့ထည့်သွင်းပြီး ရေဘေးသင့်ဒေသများအတွက် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၏စီမံမှုဖြင့် စနစ်တကျထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_sep2019
Source: MoSWRR