လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်း ရပ်ကွက် တွင် (၂-၉-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အမိုးလန်/ တစ်စိတ်ပိုင်းတစ်ပိုင်းပျက်စီးနေအိမ် (၂) လုံး၊ စုစုပေါင်းနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ရန်ပုံငွေ (၂၅,၂၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၀၅,၂၀၀/-)ကျပ်တို့အား (၃-၉-၂၀၁၉) ရက်နေ့ (၁ရး၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_sep2019

Sign Up

Upcoming Events