
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ (၂၂:၃၀) နာရီအချိန်ခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဖက်တန်းရပ်ကွက်၊ အောက်ကျင်းရပ်ကွက်၊ ကျိုက်ဖနဲရပ်ကွက်၊ ရွှေမြိုင်သီရိရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်၊ လှိုင်ရပ်ကွက်နှင့် ညောင်ပင်ဆိပ်ရပ်ကွက်တို့တွင် စုစုပါင်း လူနေအိမ်(၅၇၀) ကျော်နှင့် ဘုန်းကြီးကျောင်း (၃)ကျောင်း အမိုး၊ အကာလန်ပျက်စီးမှုများရှိခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း ကနဉီးသိရှိရပါသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဉီးဆောင်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန် ပြည်နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် လေဆင်နှာမောင်း တိုက်ခတ် မှုဒဏ်ခံစားခဲ့ရသည့် ရပ်ကွက်များသို့ သွားရောက်ကြည့်ရှု၍ ဘေးသင့် ပြည်သူများနှင့်တွေ့ဆုံ အားပေးကူညီမှု များဆောင်ရွက်ခဲ့ရာ ညနေပိုင်း၌ ရွှေမြိုင်သီရိရပ်ကွက်၊ စိန်ခရင်းဘုန်းကြီးကျောင်းသို့ရောက်ရှိပြီး ရွှေမြိုင်သီရိ ရပ်ကွက်မှ ပျက်စီးနေအိမ် (၁၈၅) လုံးနှင့် ဘေးသင့်ပြည်သူ (၁၀၅၆) ဉီးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးစုစုပေါင်း (၁၁,၃၄၇,၆၀၀/-) (ကျပ်၁၁၃သိန်းကျော်)နှင့်မွန်ပြည်နယ်အစိုးရအဖွဲ့မှလည်း အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးစုစုပေါင်း (၁၁,၃၄၇,၆၀၀/-) (ကျပ်၁၁၃သိန်းကျော်) တို့ကို ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်ရပ်ကွက်များမှ ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mon_sep2019
Source: DDM