လေဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ခရားအတွင်းကျေးရွာ၌ (၂-၉-၂၀၁၉) ရက်နေ့၊ (၂၁း၄၅) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၂၃) လုံးတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၉၄၅,၀၀၀/-) ကျပ်နှင့် လူဦးရေ (၈၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၇၆,၄၀၀/-) ကျပ်တို့အား (၄-၉-၂၀၁၉) ရက်နေ့တွင် ကရင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#krn_sep2019

Sign Up

Upcoming Events