Author Archives: Aye Kyimann
-
ဒုတိယဝန်ကြီး ဦးစိုးအောင် ပြည်ထောင်စုနယ်မြေ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများ နှင့်တွေ့ဆုံခြင်းအခမ်းအနား ကျင်းပ =======
မတ်လ ၇၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ နေပြည်တော်လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်တတ်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီး ဌာနသည်တိုင်းပြည်အနာဂတ်ဖြစ်သည့် ကလေး သူငယ်များကို ပြုစုစောင့်ရှောက်ပေးနေ သည့်ဌာန တစ်ခုဖြစ်သည့်အညီ ကလေးငယ်များအတွက် ဉာဏ၊ စိတ်ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ စဉ်ဆက်မပြတ်ရရှိစေဖို့ ဆောင်ရွက်ရန် အထူးအရေးကြီးပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် ကိုယ်ဝန်ဆောင် … Read more
-
ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ဧရာ၀တီတိုင်းဒေသကြီး ဖျာပုံနှင့် ဒေးဒရဲမြို့များတွင် ရပ်ရွာအခြေပြု စေတနာလူမှု၀န်ထမ်းသမား များနှင့်တွေ့ဆုံ
မတ်လ ၇၊ ဖျာပုံ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် နံနက်ပိုင်းတွင် တာ၀န်ရှိသူများလိုက်ပါလျက် ဖျာပုံမြို့ရှိ ရှေးဟောင်းသမိုင်း၀င် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးသို့ သွားရောက်ဖူးမျှော်ပြီး အလှူငွေပေးအပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာသို့သွားရောက်ခဲ့ပြီး ဘိုးဘွား (၃၅) ဦးအတွက် အလှူငွေ ကျပ် (၅) သိန်း၊ စောင် များနှင့် အခင်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက် ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ တွဲဘက်အကျိုးတော်ဆောင် … Read more
-
ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် မြင့်မိုရ်စံထားကုမ္ပဏီမှ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၊ အမှတ် (၂) ရပ်ကွက်တွင် တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦဖွင့်ပွဲအခမ်းအနားအား (၇-၃-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်၌ ဖွင့်လှစ်ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ပါကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကဇောင်းကျေးရွာအုပ်စု၊ ရှောက်ချောင်း ကျေးရွာ၌ (၃-၃-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀/-)၊ ဆန်ရိက္ခာ (၇)ရက်စာဘိုး (၆၃၀၀/-)၊ စုစုပေါင်း (၁၀၆၃၀၀/-) ကျပ်တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၆-၃-၂၀၂၀) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများ ထံသို့ … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်းဘုရား ကုန်းရပ်ရှိ ရေနံမြေရွာကျောင်း၌ သောက်သုံးရေ အခက်အခက်အခဲဖြစ်ပေါ်နေသော ပြည်သူများအတွက် သောက်သုံးရေဂါလံ (၃၂၀၀)ကို ရေသယ်ယာဉ်ဖြင့် (၆.၃.၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရှိပါသည်။ #ha_drg #mgy_mar2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆားလင်းကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်နှင့်အတူ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ခွန်သာကျေးရွာအုပ်စု၊ ခွန်သာကျေးရွာတွင် (၅-၃-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူ(၂၂) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၄၆,၂၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ နှစ်အိမ်ထောင်စာတို့ကို (၆-၃-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရွှေပြည်လမ်းလူငယ်စုပေါင်းအဖွဲ့နှင့် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)တို့အား သီးခြားစီလက်ခံတွေ့ဆုံ
ဇန်နဝါရီ ၃၀ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရွှေပြည်လမ်းလူငယ်စုပေါင်းအဖွဲ့နှင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)မှ ဥက္ကဌဉီးမြတ်သူဝင်းနှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်း တွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။ ရွှေပြည်လမ်းလူငယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် အဆိုပါလူငယ်အဖွဲ့အစည်းအနေဖြင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုး ပေါင်းစုံဖြင့် သဟဇာတမျှတစွာဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေကြောင်း၊ အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တွေ့ရှိချက်များနှင့် သဘော ထား အမြင်များအား ပြည်ထောင်စုဝန်ကြီးထံ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေဆုံ
ဇန်နဝါရီ ၃၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင် သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ မဟာဗျူဟာ အတည်ပြုပြဌာန်းခဲ့ပြီးနောက် အဆိုပါမဟာဗျူဟာပါ အချက်အလက်များအား သက်ဆိုင်ရာပြည်နယ် အစိုးရများ၊ ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ မျှဝေခဲ့မှုများ၊ မဟာဗျူဟာ အကောင်အထည်ဖော်ရေး … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာအုပ်စု၊ ပန်းပုကွင်းကျေးရွာတွင် (၂၈.၁.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသောမီးဘေးကြောင့် မီးလောင်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၂၁၀ဝ/-)ကျပ်၊ ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၅၂၁၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁)အိမ်ထောင်စာ (၃၂၃၅၃/-)ကျပ်တို့ကို (၃၀.၁.၂၀၂၀)ရက်နေ့ (၁၇:၁၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ha_fir #ayy_jan2020 Source: … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဘိုကလေး မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁.၂၀၂၀) ရက်နေ့၊ နံနက်(၁၂:၀၀)နာရီအချိန်ခန့်၌ ဘိုကလေးမြို့နယ် ချောင်းဗြဲ ကြီးကျေးရွာအုပ်စု ဂွေးချောင်းကြီးကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ရွာသူ/ ရွာသား(၁၀၀)ခန့်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပီး အသိပညာ ပေးလက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
