လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်းဘုရား ကုန်းရပ်ရှိ ရေနံမြေရွာကျောင်း၌ သောက်သုံးရေ အခက်အခက်အခဲဖြစ်ပေါ်နေသော ပြည်သူများအတွက် သောက်သုံးရေဂါလံ (၃၂၀၀)ကို ရေသယ်ယာဉ်ဖြင့် (၆.၃.၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရှိပါသည်။
#ha_drg
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)