လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆားလင်းကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်နှင့်အတူ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ခွန်သာကျေးရွာအုပ်စု၊ ခွန်သာကျေးရွာတွင် (၅-၃-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ လူ(၂၂) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၄၆,၂၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ နှစ်အိမ်ထောင်စာတို့ကို (၆-၃-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)