လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် မြင့်မိုရ်စံထားကုမ္ပဏီမှ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၊ အမှတ် (၂) ရပ်ကွက်တွင် တာဝန်ယူတည်ဆောက်လျက်ရှိသည့် ဘက်စုံသုံးဘေးဒဏ်ခံအဆောက်အဦဖွင့်ပွဲအခမ်းအနားအား (၇-၃-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်၌ ဖွင့်လှစ်ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)