Latest News
-
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မိန်းမလှကျေးရွာနှင့် ထနောင်းကုန်းကျေးရွာတွင် (၂၉-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီဖြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့် အိမ်ထောင်(၂၈)စု၊ လူဦးရေ(၁၂၇)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၆၆၇၀၀/-)ကျပ်တို့အား (၃၀-၇-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာတွင် မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်နှင့် ဒဏ်ရာရလူနာအတွက် ထောက်ပံငွေ(၅၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၃၅၀၀၀ဝ/-)ကျပ်ကို (၃၀-၇-၂၀၂၀) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် သေဆုံးသူ၏မိသားစုဝင်နှင့် ဒဏ်ရာရရှိသူမိသားစုဝင်များလက်ဝယ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jul2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင်လ (၂၉) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ညောင်ရမ်းမြို့မအုပ်စု (ညောင်ရမ်းမြို့မ၊ ပြည်တော်သာ၊ အောင်မင်္ဂလာ၊ လက်ထပ်ကုန်း၊ မြို့မတောင်စု၊ ကွမ်းခြံ(အလယ်ပိုင်း)၊ ကွမ်းခြံ (မြောက်)) ညောင်ရမ်း(စျေး)အုပ်စု၊ ရေအိုးစင်ရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ကျောင်းကြီးရပ်ကွက်၊ မင်္ဂလာ ရပ်ကွက်၊ ဥယျာဉ်၊ တံတားဦး၊ စျေးရွာ၊ နတ်အင်း၊ ပျော့ကုန်း၊ မိုးညှင်း၊ စျေးတန်း၊ ကွမ်းခြံ(တ)ကေျးရွာများသို့ Covid-19 နှင့်စပ်လျဉ်း၍ သိရှိနလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ … Read more
-
Covid-19 ကာလအတွင်း ရေဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအတွက် အရေးပေါ်တုန့်ပြန်ကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲခြင်း ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (CDA) တို့နှင့်ပူးပေါင်း၍ Covid-19 ကာလအတွင်းမြို့နယ်အဆင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာအတွက် အရေးပေါ်တုန့်ပြန်ကူညီရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း ဆွေးနွေးပွဲအခမ်းအနားကိုဟင်္သာတမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ (၃၀-၇-၂၀၂၀) ရက်နေ့တွင် (၉:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီချိန်ထိ (CDA) ၏ ဟင်္သာတမြို့စီမံကိန်းနယ်မြေအတွင်းရှိ ရေဘေး စခန်းဖွင့်လှစ်ခဲ့သော (သို့) ဖွင့်လှစ်ရန်လျာထားသည့်ဘုန်းတော်ကြီးကျောင်းများမှ ကျေးရွာကိုယ်စားလှယ်များအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်အသိပေး ပြင်ဆင်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုကြုံ တွေ့နေသော မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာအုပ်စု၊ နှင်းဆီကန် ကျေးရွာမှ အိမ်ခြေ(၂၅ဝ)၊ အိမ်ထောင်စု(၂၅၀)၊ လူဦးရေ(၁၃၅၀)ဦးအတွက် သောက်သုံးရေဂါလံ(၄ဝဝဝ)အား (၃ဝ-၇-၂ဝ၂ဝ)ရက်နေ့ (၁၀:၀၀)အချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jul2020 Source: Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာမှ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ ခဲ့ကြသော လူနေအိမ်(၂၅)လုံး အိမ်ထောင်စု(၂၅)စု၊ ကျား(၃၄)ဦး၊ မ(၄၃)ဦး၊ လူဦးရေ(၇၇)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင် (၁ဝဝ,ဝဝဝိ/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၅ဝဝ,ဝဝဝ/-)ကျပ်၊ လူဦးရေ(၇၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၆၁,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၆၆၁,၇၀၀/-)ကျပ်၊ ဓါတ်ဆား (၂၅ဝ)ထုပ် (၂၈-၇-၂ဝ၂ဝ)ရက်နေ့ တွင် လည်းကောင်း ထပ်မံပြောင်းရွှေ့သည့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် အိမ်ခြေ(၉)လုံး၊ သံဃာ(၅)ပါး၊ အိမ်ထောင်စု(၉)စု၊ … Read more









