Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၁-၈-၂၀၂၀)ရက်နေ့၊ (၀၇း၃၀)နာရီအချိန်မှ(၁၂း၀၀)နာရီအချိန်ထိလပွတ္တာမြို့၊ ရပ်ကွက်(၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉၊၁ဝ) တို့တွင် (ဒုတိယအကြိမ်)Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို အများပြည်သူ များသိရှိလိုက်နာရန်ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_aug2020

Sign Up

Upcoming Events