မြောင်းမြခရိုင်၊ ‌မြောင်းမြမြို့နယ်၊ မြို့မစျေးနှင့် မြသာယာစျေးတို့တွင် အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှု သတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ညောင်ပင်လေးစျေးနှင့် ညောင်ပင်ကြီးစျေးတို့တွင် အသိပညာ‌ပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာအုပ်စု၊ ပကိတ်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်း ကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ်(၅) ရပ်ကွက်၌ မီးဘေးထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ သဖန်းဆိပ်ကျေးရွာတို့၌ (၁-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးသင့် အိမ်ထောင်စု (၉)စု၊ လူဦးရေ (၄၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၈၇၀ဝ/-) ကျပ်တို့အား (၂-၈-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_Jul2020 Source:   မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံး (ဘစမ)  

  • အမြင့်ဆုံးအပူချိန်စံချိန်သစ်များ

    ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂)ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဩဂုတ်လ၏ အမြင့်ဆုံးအပူချိန်(နေ့အပူချိန်)စံချိန်သစ်များ

  • Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ တာပါတ်အနောက်ကျေးရွာအုပ်စုရှိ လက်ခုပ်ပင် ကျေးရွာ၊ တာပါတ်အနောက်ကျေးရွာနှင့် ကုန်းတန်းကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေး အန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဗွီနိုင်းပိုစတာနှင့် ဘေး(၈)မျိုး လက်ကမ်း စာစောင်များ ဝေဌခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင် သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာနှင့် နောင်ဘိုကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့် မိုးရာသီ ကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း၊ ရေဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးပြည်သူသို့ အသိပေးနှိုးဆော်ခြင်းအား Handspeaker များဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပြီး လက်ကမ်း စာစောင်ဖြန့်ဝေခြင်း တို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂-၈-၂၀၂၀)ရက်နေ့၊ (၀၇း၃၀) နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သုံးမိုင်မြို့သစ်ရပ်ကွက်(၁၊၂၊၃၊၄)၊ ကျောက်ဖြူကျေးရွာ၊ ပိန္နဲတောင်ကျေးရွာနှင့် အစုလေးကျေးရွာများတို့တွင်(ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ဗွီနိုင်းများနှင့် First Aid Kit ဝေငှခြင်းများကို အများပြည်သူများ သိရှိလိုက်နာ ရန်ကွင်းဆင်း၍ Loud Speakerဖြင့် လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ========================================= မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂)ရက်နေ့ (၁၂:၀၀)နာရီ အချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ညောင်ဦးမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ဆိပ်သာမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် … Read more