လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကန့်ဘလူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လျှပ်စီးလက်ခြင်း၊ မိုးထစ်ချုန်းခြင်းတို့ဖြစ်ပေါ်ခဲ့ရာ မိုးကြိုးဘေးကြောင့် ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအုပ်စု၊ ကာဘိုးကျေးရွာမှ သေဆုံးသူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀ဝ/-)ကို ကျန်ရစ်သူ မိသားစုထံသို့ ကာဘိုးကျေးရွာ အုပ်စုအုပ် ချုပ်ရေးမှူးနှင့် တာဝန်ကျ ရပ်/ကျေးစာရေးတို့မှတစ်ဆင့် (၅-၈-၂၀၂၀)ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_tls
#sgg_aug2020
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)