Latest News
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်မှ (၁၅:၅၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖလပ် ကျေးရွာနှင့် ဥတံတ္တားကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေး ဟောပြောခြင်း၊ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြည်သူသို့ အသိပေးခြင်းများအား အသံချဲ့စက်၊ Handspeaker တို့ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာ၊ ရွှေသောင်ပိုင်း၌ (၃-၈-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာတို့အား (၄-၈-၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်-၂၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့ (၀၄း၀၀)အချိန်မှ (၀၆း၄၅)အချိန်ထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေမြင့်တက် လာမှုကြောင့် သစ်ပုတ်ပင်ကျေးရွာအုပ်စု၊ သစ်ပုတ်ပင်ကျေးရွာရှိ ရေနောက်မျောပါလုံးဝပျက်စီး လူနေအိမ်(၂)လုံး၊ ကြိုတင် ပြောင်းရွှေ့ လူနေအိမ်(၂)လုံးနှင့် ကန်သာကျေးရွာအုပ်စု၊ သဲဖြူကျေးရွာရှိ ရေနောက်မျောပါ လုံးဝပျက်စီးလူနေအိမ်(၁)လုံးနှင့် ကျသောင်းတောင်ကျေးရွာအုပ်စု၊ ကျေးတန်းကူးကျေးရှိ ကြိုတင်ပြောင်းရွှေ့ လူနေအိမ်(၁)လုံး၊ စုစုပေါင်း လူနေအိမ်(၆)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၇၀၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၃၇၈၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့ပေါ်ရှိ ယာယီ ရေဘေးရှောင်စခန်းသို့ ထပ်တိုးရောက်ရှိလာသော အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၁) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေ (၂၃,၁၀ဝ/-) ကျပ်ကို (၄-၈-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mdy_aug2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ရွှေ့ပြောင်းအိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကုန်သာလင်းကျေးရွာအုပ်စု၌ ဖြစ်ပွားခဲ့သော ရေဘေးသင့်ရွှေပြောင်း အိမ်ထောင်စု (၃၂) စုအား ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၀၆,၆၀၀/-) ကျပ်၊ဆပ်ပြာ (၃၂) တောင့်၊ ခေါက်ဆွဲခြောက် (၃၂၀) ထုပ်နင့် Surgical Mask (၂၉၂)ခုတို့အား (၄-၈-၂၀၂၀)ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_aug2020 Source: … Read more
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဆည်မုန်းကျေးရွာအုပ်စု၊ ခုံစုကျေးရွာ၌ (၃၀-၇-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှု ကြောင့် ကမ်းပြိုဘေးသင့်အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၉,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၄၃၉,၉၀၀/-) ကျပ်တို့အား (၄-၈-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) နရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ … Read more









